27 C
Yangon

မတ္တရာ၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ သံဃာတော်များ၊ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးမှု စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MDY PDF ထုတ်ပြန်

Must read

မတ္တရာ၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ သံဃာတော်များ၊ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးမှု စစ်ရာဇဝတ်မှု ကျူးလွန်မှုအဖြစ် MDY PDF ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၍ သံဃာတော်များ၊ ကလေးများ အပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးမှု စစ်ရာဇဝတ်မှု ကျူး လွန်မှုအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDFက သတင်း ထုတ် ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ၀န်းကျင်အချိန်တွင် မတ္တရာမြိုနယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်များနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ(၁၂)ဦးခန့် သေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ များစွာရှိခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် မတ္တရာမြိုနယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း MDY PDF သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article