27 C
Yangon

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ခလရ ၅ တပ်ရင်းမှူးနှင့် ညောင်ပင်သာ ရဲစခန်းပူး ပေါင်း သစ်မှောင်ခိုများခွင့်ပြု ၊ ခလရ ၅ တပ်ရင်းမှူးထံ တစ်လ သိန်း ၃၀ ပေး၍ သစ်မှောင်ခိုကားများ ဖြတ်သန်းခွင့်ရ

Must read

ရန်ကုန်၊ မေ ၁၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ခလရ ၅ တပ်ရင်းမှူးနှင့် ညောင်ပင်သာ ရဲစခန်းပူး ပေါင်းပြီး တရားမဝင် သစ်မှောင်ခိုသယ်ယူမှု ထုတ်လုပ်မှုများ ခွင့်ပြုလျက်ရှိပြီး ခလရ ၅ တပ်ရင်းမှူးထံ တစ်လ သိန်း ၃၀ ပေး၍ အဆင့်ဆင့် လာဘ်ငွေစားကာ သစ်မှောင်ခိုကားများ ဖြတ်သန်းခွင့်ရနေကြောင်း သိရှိရသည်။

ဖြူးမြို့နယ်၊ ခြေလျင်တပ်ရင်း ၅ နှင့်ညောင်ပင်သာရဲစခန်းက ညစဉ် သစ်မှောင် ခိုကားများကို အစီး ၂၀ ကျော်အထိ ခွင့်ပြုလျက်ရှိကြောင်း၊ သစ်မှောင်ခိုကားများသည် တစ်စီးလျှင် ငွေကျပ် ၅၀၀၀၀ မှ ၁ သိန်းအထိ ပေးဆောင်ကြရကြောင်း၊ ရဲစခန်းနှင့်တပ်အကြား နားလည်မှုဖြင့် ငွေယူ လုပ်ကိုင်စားကြကြောင်း သိရှိရသည်။

“ဖြူးမြို့နယ် ညောင်ပင်သာ ရဲစခန်းနှင့် ခလရ ၅ တပ်ရင်း အပိုင် မှာ သစ်တွေခိုးထုတ်နေကြတာ။ ညောင်သာ ၉ လမ်းမှာနေတဲ့ သစ်မှောင်ခိုပွဲစားရယ်၊ ပွဲစားက ညောင်ပင်သာ ၉ လမ်းမှာနေတာ။ ခလရ တပ်ရင်းမှူး မိန်းမ၊ ပြီးတော့ ညောင် ပင်သာ ရဲစခန်း ဗိုလ်လေး အုန်းကြိုင်တို့ ပေါင်းပြီး လုပ်စားကြတာ။ ကားတစ်စီးကို အနည်းဆုံး ၅၀၀၀၀ ကျပ်ကနေ ၁ သိန်းအထိပေးရတယ်။ အဖမ်းဆီးမရှိစေဖို့ တာဝန်ယူထားတယ်။ ခလရ ၅ တပ်ရင်းမှုးကြေးက တစ်လ သိန်း ၃၀ ပေးရတယ်” ဟု စစ် တပ်အသိုင်းအ၀ိုင်းက ပြောသည်။

လက်ရှိတွင် ဖြူးမြို့နယ်တွင် ခလရ ၅ တပ်ရင်းမှူးက အရေးပါ အရာရောက်သူတစ်ဦးဖြစ်ပြီး မည်သူကမှ မပြောရဲကြကြောင်း ၊ သစ်ခိုးထုတ်မှု အခြေအနေများကို အားလုံးက သိရှိကြသော်လည်း မတိုင်ကြားရဲကြောင်း၊ တိုင်ကြား၍ အရေးမယူခဲ့လျှင် တိုင်ကြားသူများ ဒုက္ခရောက်နေသည့်အတွက် နုတ်ဆိတ်နေကြခြင်းဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- မြန်မာပြည်တွင်းမှ သစ်မှောင်ခိုကားများ။ (ပုံအဟောင်းဖြစ်သည်။)

Photo Credit- WWF-Myanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article