26 C
Yangon

ရေဦးမြို့ရှိ စစ်တပ်၏ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

Must read

ရေဦးမြို့ရှိ စစ်တပ်၏ ဂါဝီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဂါဝီ စစ်ဆေးရေးဂိတ်ကို Freedom Revolution Force (FRF) အထူး လှုပ်ရှားတပ်ခွဲ (၁) မှ ရဲဘော်များက ၄၀ မမ ဗုံးသီးများ လက်နက်ငယ်များဖြင့် ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” ၄၀ မမ ဗုံးသီးတွေ လက်နက်ငယ်တွေနဲ့ ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article