26 C
Yangon

ဝမ်းတွင်းမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ဝမ်းတွင်းမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဝမ်းတွင်းမြို့နယ်၊ ဝမ်းတွင်း ရဲခွေးစခန်းနှင့် ထွေအုပ်ရုံးကို Wundwin Township Revolution Force – WTRF တပ်ဖွဲ့က ၄၀ မမ ဗုံးသီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ထွေအုပ်ရုံး အတွင်းကို ၄၀ မမ ဗုံးသီး ၁ လုံး နှင့် ရဲခွေး စခန်းအတွင်း ၄၀ မမ ဗုံးသီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“WTRF အဖွဲ့က ပစ်ခတ်ပြီး ပြန်လည် ဆုတ်ခွာစဉ် ရဲခွေးနဲ့ စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အများပြည်သူ နေထိုင်ရာ ရပ်ကွပ်တွေကို ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ တိုက်စစ် အရှိန်မြှင့်တင်ချိန် ဖြစ်တဲ့ အတွက်ကြောင့် အများ ပြည်သူများ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ အကြမ်းဖက် စစ်ခွေးနဲ့ ရဲခွေးတွေ ထိခိုက် သေဆုံးမှု အခြေအနေကို ပြည်သူတွေ အနေနဲ့ VOW ကို သတင်းပေးပို့ဖို့ ပြောချင်ပါတယ်” ဟု Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဝမ်းတွင်းမြို့မှ လူနာတင်ကားတချို့ မိတ္ထီလာ ဆေးရုံဘက်ရောက်ကို ရောက်ရှိလာကြောင်း Wundwin Township Revolution Force – WTRF မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article