29 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့နယ်က အရပ်သားပြည်သူတွေနေထိုင်ရာ အီနိုင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ မနက်အစောပိုင်းမှာပဲ လေယာဉ်နဲ့လာပြီး ပေါင် ၅၀၀ ဗုံးတွေကျဲချသွားမှုကြောင့် အရပ်သားပြည်သူ အမျိုးသား ၃ ဦး သေဆုံးသွားခဲ့ရပြီး ဒဏ်ရာရတဲ့သူ တွေလည်း ရှိထားတယ်လို့ MNDAA ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်း ဆောင်တွေ အတွက် ထိုက်တန်တဲ့ နေရာဟာ တရားရုံး နဲ့ ခုံရုံးတွေရှေ့မှောက်မှာ အပြစ်သားတွေ အဖြစ်သာ ရှိသင့် တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က တက်လှိုင်း ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး သံဃာတော်တွေအပါအဝင် အရပ်သားပြည်သူ အယောက် ၁၀၀ ဝန်းကျင်ကို ဖမ်းဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article