27 C
Yangon

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာတွင် စစ်တပ်နှင့် ပူးပေါင်းပြီး သန်းခေါင်စာရင်း လိုက် ကောက်နေသည့် ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်

Must read

ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာတွင် စစ်တပ်နှင့် ပူးပေါင်းပြီး သန်းခေါင်စာရင်း လိုက် ကောက်နေသည့် ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ရွာတွင် စစ်တပ်နှင့် ပူးပေါင်းပြီး သန်းခေါင်စာရင်း လိုက်ကောက်နေသည့် ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၉ နာရီခန့်တွင် ပဲ့တိုင်ကျေးရွာရှိ ပျူစောထီးများသည် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ပူပေါင်းပါဝင် နေသည့်အတွက် ကျေးရွာအတွင်းရှိ ပျူစောထီး စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ပျူစောထီးများကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး စမုံချောင်းဝတွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်တပ်၏ ရေတပ် စစ်သင်္ဘောကလည်း ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်ပြီး ပဲ့တိုင်ကျေးရွာအတွင်း ရောက်ရှိလာကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီး ထိခိုက်‌သေဆုံးမှုရှိမရှိကို အတည်ပြုနိုင်အောင် စုံစမ်းလျက်ရှိကြောင်း သိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုတော့ အတည်မပြုနိုင်သေးဘူး။ ညဘက်ဖြစ်နေလို့ ကျွန်တော်တို့ ဆက်လက် အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article