Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
– TNLA သိမ်းပိုက်ထားရာ နောင်ချိုမြို့ပေါ်ကို သီတင်းကျွတ်လပြည့်ညမှာပဲ အကြမ်းဖက် စစ်ကောင်စီ တပ်က လေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးတွေကျဲချသွားပြီး ၊ ပြည်သူတွေကတော့ ဘုရားပူဇော် ဆီမီးမထွန်းနိုင်ဘဲ ဗုံးခိုကျင်းတွေထဲမှာ ညလုံးပေါက် ပုန်းခိုနေရတယ်လို့ ဒေဿခံပြည်သူတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်မှာ မနေ့က သီတင်းကျွတ်လပြည့်နေ့မှာပဲ ကားပစ္စည်းအရောင်းဆိုင် ဓားပြတိုက်ခိုက်ခံရပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားနဲ့ထိုးခံရတယ်လို့ Voice Of Mandalay က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်းက ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးသန်းဌေး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဇင်ဦးတို့ ဦးဆောင်တဲ့အဖွဲ့တွေက စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ဆိုပြီး လူငယ် အယောက် ၇၀ ကျော်ကို စစ်သားသစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။