29 C
Yangon

ပန်ဝါမြို့ အနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး မြို့အနီးရှိ စေတီကုန်းကာကင်းစခန်းတစ်ခုကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်၏ ကာကင်းစခန်း ၄ ခုကိုလည်း သိမ်းပိုက်ထားပြီး ဆက်ထိုးစစ်ဆင်နေ

Must read

ပန်ဝါမြို့ အနီးတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး မြို့အနီးရှိ စေတီကုန်းကာကင်းစခန်းတစ်ခုကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်၏ ကာကင်းစခန်း ၄ ခုကိုလည်း သိမ်းပိုက်ထားပြီး ဆက်ထိုးစစ်ဆင်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ ပန်ဝါမြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး မြို့အပေါ်ရှိ စေတီကုန်းကာကင်းစခန်းတစ်ခုကို KIA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းမှ ညနေ ၅ နာရီအချိန်အထိ ပန်ဝါမြို့ပတ်ဝန်းကျင်တောင်ကုန်များတွင် တိုက်ပွဲပြင်းထန်နေကြောင်း၊ ပန်ဝါမြို့အပေါ်ရှိ စစ်ကောင်စီတပ်၏ စေတီကုန်းကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ တစ်နေကုန် ညနေ ၅ နာရီအချိန်အထိ ပန်ဝါမြို့ပတ်ဝန်းကျင် တောင်ကုန်းတွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ပန်ဝါမြို့အပေါ် စေတီကုန်း ကာကင်းစခန်းတစ်ခုကိုသိမ်းပိုက်ရရှိပါပြီ။ တိုက်ပွဲတွေကတော့ အတော်ကို ပြင်းထန်နေဆဲပါ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ကန်ပိုက်တီးအနီးရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်၏ ကာကင်းစခန်း ၄ ခုကို လည်း သိမ်းပိုက်ရရှိထားပြီး တပ်ရင်းဌာနချုပ်ကို မရရှိသေးကြောင်း၊ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့တွင်လည်း ပန်ဝါမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ချန်းယင်းခူး စခန်းနှင့် အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း၏ ကာကင်း စခန်း ၂ ခုကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပန်ဝါမြို့ ဗျူဟာကုန်းတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်နေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article