By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မကွေးတိုင်း ပေါက်မြို့နယ် ထန်းပေါက်ကုန်းရွာသား၊ ပရဟိတသမား ကိုသန်းထွန်းဦးကို စစ်တပ်က PDF တပ်ဖွဲ့ ဝင်များကို ကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး မိသားစု ဝင်များ ထံ ရုပ်အလောင်း ပြန်မပေးဘူးလို့ ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
– မန္တလေးတိုင်း၊ တံတားဦးလေဆိပ်နားမှာ စစ်တပ်ထောက်ခံတဲ့သွေးသောက်အဖွဲ့က ပြည်သူ ၂ ဦးကို သတ် ဖြတ်ပြီး အလောင်းစွန့်ပစ်ထားပါတယ်။
– စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်းကျေးရွာမှာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ တပ်စွဲ ထားတဲ့ စခန်းကို မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီလောက်က ဝင်စီးနင်းပြီး စခန်းသိမ်းတိုက်ပွဲဆင်နွဲခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။