25 C
Yangon

ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တက်လာသော Mi 35 အမျိုးအစား ရဟတ်ယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘုတ လင် မြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၆ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်းရှောင်နေကြရပြီး ထိခိုက်ပျက်စီးမှု အခြေအနေ မသိရသေးကြောင်း သိရသည်။

ထို့ပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တပ်အတွင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ၇ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညောင်ကန်ကျေးရွာသည် ဘုတလင် – ကနီ -ကနဲ လမ်းပေါ်တွင် တည်ရှိပြီး အိမ်ခြေ ၈၀၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းလာတယ်ဆိုတဲ့အသံကြားရလို့ ကျွန်မတို့ရွာထဲကနေ ထွက်နေတဲ့အချိန် လေယာဉ်နဲ့ ဗုံးကျဲ ပစ်ခတ်တာ။ လူတွေကတော့ အကုန်အလွတ်ရုန်းထွက် ပြေးခဲ့ရတယ်။ အခုတော့ ဘေးလွတ် ရာကို ရောက်ပါပြီ ။ ဗုံးက ၆ ကြိမ်ကျဲတယ်။စက်လက်နဲ့လည်း ပစ်တယ်။ အခု ၃ နာရီ မထိုးခင်ကို နမခ စစ်တပ်ကနေ ဟောင်ဝှစ်ဇာနဲ့ ၇လုံးအထိပစ်တယ်။ရွာအတွင်းက အပျက်အစီးတော့ ဘာမှ မသိ ရသေးဘူး” ဟု ညောင်ကန်ကျေးရွာနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article