25 C
Yangon

ရေးမြို့နယ်၊ စံပြကျေးရွာအနီး ယာယီတပ်စွဲထားသော စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး လှိုင်ဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရေးမြို့နယ်၊ စံပြကျေးရွာအနီး ယာယီတပ်စွဲထားသော စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး လှိုင်ဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ်၊ စံပြကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ယာယီအထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး လှိုင်းဝင်းထွဋ် အပါအဝင် ၅ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၇ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် ရေးမြို ရေး – သံဖြူဇရပ် ကားလမ်း မပေါ် စံပြကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ ၅၈၈ တပ်ရင်းမှ ယာယီအထိုင် စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်စဉ် ကင်းလှည့်ရန် ဆင်းလာသော အကြမ်းဖက်စစ်သားများ မျက်နှာချင်းဆိုင်တွေ့ရှိကာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီးလှိုင်ဝင်းထွဋ် အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြာင်း၊ သေဆုံး ဒဏ်ရာရ စစ်‌ကောင်စီ တပ်သားများကို လူနာတင် ယာဉ် ၄ စီးဖြင့် ရေးမြို့ပြည်သူ့ဆေးရုံကြီးသို့ သယ်‌ဆောင်သွာကြောင်းသိရသည်။

ထို့ပြင် အကြမ်းဖက်စစ် သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက်၊ MA 2 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ခမရ ၁၀၆ တပ်ရင်းက ၈၁ မမ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ကူပေးခဲ့ပြီး ၃ လုံး သည် စံပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း တပ်ရင်းလုံခြုံရေး တပ်ခွဲ ၊ ဒေါန တပ်ခွဲ ၃ ရေးပြောက်ကျားတပ် YGF တပ်ခွဲ၊ ဗျူဟာ ၃၃ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော် လှန်ရေးတပ် MSRF၊KNLA တပ်ရင်း ၂၇ ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၁ နှင့် YPDFတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တပ်ဖွဲ့ဝင်၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article