30 C
Yangon

ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ

Must read

ကောလင်း၊ ဥက္ကံကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ

ရန်ကုန် ၊အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် နံနက် ၁၀ နာရီ ၂၀ မိနစ် ၊ ၄၃ မိနစ်နှင့် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကောလင်းမြို့နယ် အနောက်ဘက်ရှိ ဥက္ကံရွာလယ် ရွှေဆိုင်တစ်ဆိုင်ကို လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှု ၃ ကြိမ်အတွင်း ပြည်သူ ၃ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၇ ဦးရှိကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်းရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လေကြောင်းနဲ့ ၃ ကြိမ် ဗုံးကျဲသွားတာ ဗုံးသီး ၆ လုံးပေါ့။ ၅ လုံးပေါက်ကွဲတယ်။ ၁ လုံးကတော့ မကွဲဘူး။ အခုထပ်သိရတာက သေဆုံးသူ ပြည်သူ ၃ ဦးရှိပြီး ၇ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့သူတွေလည်းရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article