22.3 C
Yangon

ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ နစ်မြုပ်မှုမှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ၊ နစ်မြုပ်နေသော လှေကို ရေအောက်တွင် တွေ့ရှိရပြီး ဖော်ယူရန် ကြိုးစားနေဆဲ

Must read

ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ နစ်မြုပ်မှုမှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ၊ နစ်မြုပ်နေသော လှေကို ရေအောက်တွင် တွေ့ရှိရပြီး ဖော်ယူရန် ကြိုးစားနေဆဲ

ရန်ကုန်၊ အောက်တိုဘာ ၂၁

တနင်္သာရီတိုင်း၊ ပုလောကမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ ၇၀ နီးပါး လိုက်ပါသော ခရီးသည်တင်လှေသည် ယမန်နေ့ညပိုင်း နစ်မြုပ်သွားခဲ့ရာ နစ်မြုပ်သွားခဲ့သောကို လှေကို တွေ့ရှိထားပြီး ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသပြည်သူတချို့ထံမှ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ပင်လယ်ပြင်တွင် လှေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး အောက်တိုဘာလ ၂၁ ရက်နေ့ တနင်္လာနေ့ ထိုင်းနိုင်ငံဘက်သို့ ပြန်တက်မည့်သူများ၊ စစ်ဘေးရှောင်များ၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အိမ်ပြန်လာကြသည့် ကျောင်းသားကျောင်းသူများ ပါဝင်ကြောင်း သိရှိရသည်။

“ပျောက်နေတဲ့သူတွေကိုတော့ ရှာဖွေနေဆဲပါပဲ။ အလောင်းကတော့ ၁၀ ဦးကျော်လောက်တော့ရထားပြီးပါပြီ။ ဘယ်လောက်သေပြီး ဘယ် လောက်ရှင်မလဲ အတိအကျ မသိရသေးဘူး။ ရှင်တဲ့သူကတော့ နည်းနိုင်ပါတယ်။ လှေကတော့ မြုပ်နေတာ ပြန်တွေ့ပြီ။ ရေပေါ် ဆွဲတင်ဖော်ဖို့ လုပ်နေတုန်းပဲ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ဆယ်ယူရရှိသော အလောင်းများကို ပိုင်ရှင်ရှိပါက ချက်ချင်း သဂြိုလ်မှုများပြုလုပ်နေပြီး ကျောက္ကာတိုက်နယ်ဆေးရုံတွင်လည်း အလောင်းတချို့ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း နစ်မြုပ်သွားသော ခရီးသည်တင်လှေကို ယခု ဖော်ယူရန် လုပ်ဆောင်နေကြစဉ်။

Photo- CJ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article