26 C
Yangon

ဝေါ၊ ရှမ်းကိုင်းရွာ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်၊ စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထား

Must read

ဝေါ၊ ရှမ်းကိုင်းရွာ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်၊ စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထား

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပဲခူးတိုင်း၊ ဝေါမြို့နယ် ၊ ရှမ်းကိုင်းရွာ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်စဉ် စခန်းဦးစီး စစ်အရာရှိက တပ်ဖွဲ့ဝင်များကို ချန်ခဲ့ပြီး ထွက်ပြေးသွား၍ လွတ်မြောက်သွားပြီး စစ်အရာရှိ ဖုန်းထဲမှ ပျူစောထီး အမည်စာရင်းများ ရရှိထားကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရှမ်းကိုင်းကျေးရွာ ရေတံခါးဂိတ်ရှိ အကြမ်းဖက် စစ်သား နှင့် ပျူစောထီးများ ရှိနေသော ရွာအဝင်ဂိတ်ကို KNLA ဦးဆောင်သော ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက် စခန်းဦးစီး အရာရှိက စစ်ကောင်စီ တပ်သားများကို ချန်ခဲ့ပြီးထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အရာရှိ၏ လက်ကိုင်ဖုန်းကို‌ တော်လှန်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ပြီး ဝေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပျူစောထီးများ၏ အမည်စာရင်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စပြီးတော့ တိုက်ပွဲဖြစ်နေတုန်း ၁၀ မိနစ်လောက်မှာ နောက်ဖေး ပေါက်ကနေ ထွက်ပြေးသွားတာ ကျနော်တို့ လှမ်းတော့ပစ်တယ်။ လွတ်သွားတာပေါ့။ အခြေအနေ မလှလို့ ထွက်ပြေးသွားတာ သူ့ဖုန်းကျန်ခဲ့တယ်။ သူ့ဖုန်းထဲမှာ သူ့ဓာတ်ပုံနဲ့ အချက်အလက်တွေပေါ့ အဲတာတွေရတယ်။ ကျနော်တို့ စခန်းဝင်သွားတဲ့ အချိန်မှာ ရဲဘော် ၁ ယောက်လောက်ပဲကျန်တယ်။ အဲတစ်ယောက်လည်းကျသွားတယ်။ ကျန်တဲ့ ပစ်ခတ်နေရင်းနဲ့ ကျကုန်တယ်တဲ့ ရဲဘော်တွေလည်း ကျကုန်ပြီပေါ့။ ပျူတွေရောပေါ့။ သူတို့ အလစ်အငိုက် ခံလိုက်ရတော့ ဝရုန်းသုန်းကား ပြေးတဲ့သူကပြေး ပြန်ပစ်တဲ့သူက ပြန်ပစ်ပေါ့။ သူလည်း ခဏလောက်တော့ ပြေးပုံရတယ်။ ပြီးတော့ပြေးတော့တာပဲ ဖုန်းကို သိမ်းဆည်းရမိတဲ့ အခါကျတော့ သူ့ဖုန်းထဲက မှတ်တမ်း ဓာတ်ပုံတွေ့တာလေ သူ့ရဲ့ တပ်အမည်တော့ မတွေ့ဘူး။ သေနတ်မှာတော့ အပတ လို့ရေးထားတယ်။ ကျနော်ထင်တာ ဝမ်းဘဲအင်းက ပြန်လည်ပြုပြင်ထိန်းသိမ်းရေးမှာ အုံနာကျိုးကမ်းတွေ ထားတဲ့ တပ်က ဖြစ်ဖို့များတယ်။ သူ့ဖုန်းထဲမှာ သူကျန်းမာရေး မကောင်းလို့ ခွဲစိတ်ထားတာတွေတွေ့တယ်။ ရွာတွေက ပျူစောထီး စာရင်းတွေတွေ့တယ်။ အရာရှိသင်တန်းမှာ ဓာတ်ပုံရိုက်ထားတာတွေ သူ့အမျိုးသမီးပုံတွေ တွေ့တယ် ဒီလောက်ပါပဲ” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးနှင့် ပျူစောထီး ၃ ဦးသေဆုံးပြီး ပစ္စတို ၁ လက် ၊ G-3 ၄ လက် နှင့် အူဂျီ ၁ လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article