26 C
Yangon

မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၀ တန်းကျောင်းသူ ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

Must read

မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁၀ တန်းကျောင်းသူ ၁ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၁၀ တန်းကျောင်းသူ ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင် CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးနှင့် ဒေသ ပြည်သူများ က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် အဖွားအို ၁ ဦးနှင့် အသက် ၁၅ နှစ်ဝန်းကျင် အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး တို့ပွဲချင်းပြီး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်းသိရသည်။

“၅ နာရီလောက်က ချတာက ရွာမြောက် ငါးမြှောင်တောင်ကုန်းနားမှာ ၂ လုံးချသွားတာက ထိခိုက်မှု မရှိပါဘူး။ နောက်တစ်စီးကနေ တောင်ကနေ ထိုးချကျဲသွားတဲ့ တစ်စီးက ထိခိုက်တာ။ ရွာပေါ်တန်း ကျ တာ၊ ဗုံးက ဘယ်လိုမှန်းမသိဘူး။ လေပေါ်တင်ကွဲတဲ့ဗုံးတွေ။ စုစုပေါင်း ၆ ယောက်သေတယ်၊ ချချ ခြင်း တစ်ခါတည်းဆုံး တာက ၂ ယောက်၊ အဲဒီ ၂ ယောက်က ၁၀ တန်းကျောင်းသူ တစ်ယောက်ရယ်၊ အသက် ၈၀ အရွယ်တစ်ယောက်ရယ်။ သူတို့ကိုတော့ အခုညပဲ သင်္ဂြုလ် လိုက်ပြီ။၊ ကျန်တဲ့ သေဆုံး သူတွေကတော့ ၂၀ ကျော်၊ ၃၀ ကျော်အရွယ် လူငယ်တွေပဲ” ဟု CDSOM တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၄ လုံး၊ ဓာတ်မီးတိုင်များလည်း ကျိုးကျပျက်စီးခဲ့သည့် အပြင် နွား ၂ ကောင်၊ သိုး ၈ ကောာင်နှင့် ဝက်တစ်ကောင် လည်း တစ်ခါတည်းသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးရုံ တက်၍ ကုသမှု ခံယူနေရသူ ၆ ဦးမှာ စိုးရိမ်းစရာ မရှိတော့ကြောင်း သိရသည်။

” ပထမဆုံး လေယာဉ်က ငမျှောင်တောင်ရွာအနီး ဘုရာကြီးနားကို ဗုံး ၂ လုံးကျဲချတာ အဲဒီနေရာကတော့ ရွာနဲ့ ဝေး တော့ ပြည်သူထိခိုက်တာ တော့မရှိဘူး။ နောက်ထပ်တစ်စီးက တော့ ကျနော်တို့ ဇရပ်ကုန်းရွာအရှေ့ပိုင်း ဒေါ်သန်းနုအိမ်နဲ့ ဒေါ်ထူးအိမ်ပေါ်ကိုတည့်တည်ချတာ။ ချတဲဗုံးက ဘယ်လိုဗုံးမှန်းတော့မသိဘူး။ လေပေါ်တင်ပေါက်ကွဲပြီး အိမ် ၂ လုံး ပျက်စီးတယ်။ နောက်ပြီးအသက်၈၀ ကျော်အဖွားအိုတစ်ဦးနဲ့ အသက် ၁၅ နှစ် အရွယ်အမျိူသမီးတစ်ဦးကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article