30 C
Yangon

ကလေးမြို့တွင် ပျူစောထီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောက်တိုဘာ ၂၂ ရက်နေ့ညနေပိုင်း ကလေးမြို့တောင်ဘက်အထွက် စစ်တပ်စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ပျူစောထီးတစ်ဦး သေနတ်နဲ့မိမိကိုယ်ကို အဆုံးစီရင် သတ်သေသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မြို့တောင်ဘက် ဖောင်ကူးတံတားမှာ သတ်သေသွားတာ။ ဘာကြောင့်ဆိုတာတော့မသိရဘူး” လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။

ကလေးမြို့မှာ စစ်ကောင်စီက ပြည်သူတွေကို ရှောင်တခင်စစ်ဆေးတာ၊ ရပ်ကွက်တွေထဲဝင်စစ်တာ၊ ဂိတ်စောင့်တာတွေအပါအဝင် စစ် ကြောင်းထိုးတာတွေအထိ ပျူစောထီးတွေကို အသုံးချနေတာလည်းဖြစ်ပါတယ်။

“စစ်သားထက်ကို ပိုကြောက်ရတဲ့ကောင်တွေ” လို့ ပျူစောထီးတွေနဲ့ပတ်သက်ပြီး ဒေသပြည်သူက ရှင်းပြပါတယ်။

ပျူစောထီးတွေထဲမှာ အရက်သေစာအလွန်အကျွံသုံးစွဲသူတွေ၊ မူးယစ်ဆေးသုံးစွဲသူတွေလည်းရှိနေပြီး ပျုစောထီးတွေက ကလေးမြို့နယ်တွင်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာမှာ တက်တက်ကြွကြွလုပ်ဆောင်ခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

ကလေးမြို့အနီးရှိ တောင်အူ၊ ကျောင်းတိုက် ကျေးရွာတွေဟာ နာမည်ကြီးပျူစောထီးကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

ဓာတ်ပုံ – ကန့်ဘလူနယ်မှ အစွန်းရောက် ဝါသ၀လက်အောက်ခံ ပျူစောထီးများ၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကန့်ဘလူနယ်မှ အစွန်းရောက် ဝါသ၀လက်အောက်ခံ ပျူစောထီးများ၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article