27 C
Yangon

မတ္တရာ၊ တုံကုန်းရွာနှင့် မြွေဥဒိန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရ

Must read

မတ္တရာ၊ တုံကုန်းရွာနှင့် မြွေဥဒိန်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ တုံကုန်းရွာနှင့် မြွေဥဒိန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ ​တုံကုန်းကျေးရွာအနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မြွေဥဒိန်ကျေးရွာ အနီး တဝိုက်ကို ထပ်မံပြီး Mi-35 ဖြင့် လေကြောင်း တိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး မတ္တရာမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများလည်း လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။

photo credit – Voice Of Mandalay

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article