27 C
Yangon

ရေတာရှည်နှင့် ရေစကြို ရှိ စစ်တပ် စခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

Must read

ရေတာရှည်နှင့် ရေစကြို ရှိ စစ်တပ် စခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၅

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာတွင် စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁ ဦးသေဆုံးပြီး အကြမ်းဖက် စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ဒိုးတန်းကျေးရွာတွင် အကြမ်းဖက် စစ်တပ်က တပ်ဆင်ထားသော Jammer များကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်ဖျက်ဆီးရန်သွားရောက်စဉ် စစ်တပ် ကာကင်းနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်း အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကာ ဒိုးတန်းရွာရှိ ဘုန်းကြီးကျောင်းဘက်သို့ စစ်ကောင်စီ တပ်သားများပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာသွားပြီးနောက် နံနက် ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်သာများ၏ Jammer များနှင့် စခန်းကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဒိုးတန်းကျေးရွာမှ ပြည်သူ ၁ ဦးခေါင်းကို ကျည်ထိမှန်ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ တပ်စွဲထားသော နေအိမ် ၁ လုံး မီးလောင်ပြီး စစ်ကောင် စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ရဲဘော်ညီနောင်ပြောက်ကျားတပ် တပ်ခွဲမှူး ကိုကျော်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရေစကြိုမြိုနယ်၊ မင်းရွာကျေးရွာတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၁၅ လုံး ကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေအိမ် ၁ လုံး မီးလောင်ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုမှာ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေအိမ် ပေါ်ကို ကျပြီးတော့ မီးခိုးလုံးထွက်လာတာမြင် လိုက်ရတယ်။ စစ်ခွေးတွေ အော်ပြီး ပြေးနေတဲ့ အသံတွေလည်း ကြားရတယ်။ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ကျန်တော်တို့ဆီမှာ စောင့်ကြည့် ဒရုန်းမရှိတဲ့ အတွက် အနီးကပ် မတွေ့လိုက် ရဘူး။ ကျန်တော်တို့ အဓိက လိုအပ်နေတဲ့ စောင့်ကြည့် ဒရုန်း ၁ စီးကို ပြည်သူတွေအနေနဲ့ လှူဒါန်း ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရဲဘော်ညီနောင်ပြောက်ကျားတပ် တပ်ခွဲမှူး ကိုကျော် က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရဲဘော်ညီနောင် ပြောက်ကျားတပ် ၊ BlackTiger -Myingyan ၊ ဧရာဝတီမင်း သားပြောက်ကျားတပ်ဖွဲ(မြင်းခြံ) နှင့် NY Local PDFတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article