ဘုတလင်တွင် စစ်တပ်က ပြည်သူများကို ဦးခေါင်းနှင့်ကိုယ်ခန္ဓာများ ခုတ်ထစ်သတ်ဖြတ် ချိတ်ဆွဲမှုဖြစ်စဉ်ကို ကုလသမဂ္ဂအစည်းအဝေးတွင် ဓာတ်ပုံများနှင့်တကွ သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြ
ရန်ကုန်၊ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ်က ပြည်သူများကို ဦးခေါငါ်နှင့်ကိုယ်ခန္ဓာများ ခုတ်ထစ်သတ်ဖြတ် ချိတ်ဆွဲမှုဖြစ်စဉ်ကို ကုလသမဂ္ဂအစည်းအဝေးတွင် ဓာတ်ပုံများနှင့်တကွ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြပြောဆိုလိုက်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်သူများမှ စုပေါင်းရှင်းလင်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကအထက်ပါအတိုင်း တင်ပြလိုက်ခြင်းဖြစ်သည်။
စစ်အုပ်စုမှ မတရား စစ်အာဏာသိမ်းမှု မတိုင်မီနှင့် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်း ပြီးနောက်ပိုင်း၌ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများသာမက ယခုလအတွင်း ဘုတလင် မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုမှာ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံ ညွှန်ပြပေးနေသည့် ခိုင်လုံသော သက်သေတစ်ခုပင်ဖြစ်ကြောင်း၊ အချို့သော သူများမှာ အပိုင်းပိုင်း ခုတ်ထစ်ခံထားရကြောင်း၊ ၎င်းတို့၏ ခန္ဓာကိုယ် အစိတ် အပိုင်းများမှာ ကျဲပြန့်လွင့်စင်နေကြောင်း၊ ဦးခေါင်းများနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်း များမှာ အရပ်သားနေအိမ်များ၏ ခြံစည်းရိုးများ၌ ချိတ်ဆွဲခံထားရကြောင်း၊ ဤဖြစ်စဉ်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းကြောင်း၊ သို့ရာတွင် ယခုဖြစ်စဉ်မှာ သီးခြားဖြစ်စဉ် မဟုတ်ကြောင်း၊ အချို့သော ဖြစ်စဉ်များတွင် လူပုဂ္ဂိုလ်များမှာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံထားရကြောင်း သံအမတ်ကြီးက ဓာတ်ပုံများနှင့်တကွ တင်ပြသည်။
စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်ခြင်း၊ အတင်းအကျပ် တပ်သားစုဆောင်းမှုနှင့် အခြားအခြားသော နယ်စပ် ဖြတ်ကျော်မှုခင်းများကို တရားဥပဒေစိုးမိုးမှု လုံးဝဥဿုံ လွတ်ကင်းစွာ ကျူးလွန်နေခြင်း ကြောင့် မြန်မာပြည်သူများမှာ ယခင်က မကြုံ တွေ့ဖူးသော အတိုင်းအဆဖြင့် နေ့စဉ် နေ့တိုင်း အလွန်အမင်း ဒုက္ခကျရောက်နေကြောင်း သံအမတ်ကြီးက ဆိုသည်။
အချို့သော ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဤမျှ လူမဆန်သော စစ်ကောင်စီအား ထောက်ခံအားပေးကာ လက်နက်၊ ခဲယမ်း၊ နှစ်မျိုးအသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ဆက်စပ် နည်းပညာများကို မည်သို့သော စိတ် အခြေအနေ ဖြင့် ပံ့ပိုး ထောက်ပံ့ပေးနေနိုင်သည်ကို မိမိ အနေဖြင့် မေးခွန်းထုတ်လိုကြောင်း၊ စစ်ကောင်စီက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု ၏ လက်သည် တရားခံဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိ၊ ၎င်းတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှတဆင့် ဖော်ထုတ်ပြသထားသည့် ပြည်သူ့ဆန္ဒကို လစ်လျူရှုကာ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ပြီး၊ နိုင်ငံရေးခေါင်းဆောင်များကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံရေးပါတီအများစု ကိုလည်း ဖျက်သိမ်းထား သည်ကို အားလုံးအနေဖြင့် မမေ့လျော့သင့်ကြောင်း သံအမတ်ကြီးက ဆိုသည်။
မြန်မာနိုင်ငံ ပြဿနာ၏ ဇစ်မြစ်ဖြစ်သည့် စစ်အာဏာရှင်စနစ်၊ တရားမဝင်သော စစ် အာဏာသိမ်းမှုနှင့်တကွ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ်အလာတို့ကို မဖြေရှင်းပါဘဲ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းနိုင်မည် မဟုတ်ေြ့ာင်း၊
စစ်ကောင်စီ မှ စီစဉ် သော မည်သည့် ရွေးကောက်ပွဲကမျှ လွတ်လပ်၊ တရား မျှတမှုနှင့် အားလုံးပါဝင်မှု ရှိမည်မဟုတ်၊ ပဋိပက္ခများနှင့် ပြည်သူ့ဒုက္ခ တို့ကိုသာ တိုးပွားလာစေမည်ဖြစ်ကြောင်း မြန်မာပြည်သူများအနေဖြင့် စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲ ကို အပြင်းထန်ဆုံး ကန့်ကွက်ကြောင်း၊ နိုင်ငံတကာမှလည်း အလားတူ လုပ်ဆောင်ရန် တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံတွင် လက်ငင်း အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် မတရား စစ်အာဏာသိမ်းမှု ရပ်တန့်ရေးပင်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့
စစ်အုပ်စုက ကျူးလွန်လျက်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို ထပ်လောင်း မပြောဆိုတော့လိုကြောင်း၊ သို့သော် မြေပြင်ရှိ မြန်မာနိုင်ငံအခြေအနေမှာ မိမိတို့ တွေ့မြင်၊ ခန့်မှန်းရသည်ထက် များစွာဆိုးရွားလျက်ရှိသည်ကို မပြော၍ မရကြောင်း၊ ယခုအခါ ၃ ဒသမ ၄ သန်းသောပြည်သူမှာ နေရပ်စွန့်ခွာနေရပြီး ၁၈ ဒသမ ၆ သန်းမှာ လူသားစာနာ အကူအညီများ အထူးလိုအပ်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာ မလုံလောက်မှုသည်လည်း အရေးပေါ်အဆင့်သို့ ရောက်ရှိနေပြီး ပြည်သူများအနေဖြင့် ပညာရေး၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးအတွက် သင့်တင့်မျှတသော ကျန်းမာရေးစောင့်ရှောက်မှု ကဲ့သို့ သော လူမှုရေးဝန်ဆောင်မှုများ ရရှိရေးမှာလည်း ရည်ရွယ်ချက်ရှိရှိ ငြင်းပယ်၊ တားဆီးခံနေ ရကြောင်း၊ ထို့အတွက် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးငယ်များအနေဖြင့် စစ်အုပ်စု ၏ ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ကို ခါးစည်းခံနေရကြောင်း သံအမတ်ကြီးက ဆက်လက်ရှင်းပြသည်။
တစ်ချိန်တည်းမှာပင် ရိုဟင်ဂျာပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အများဆုံး ရင်ဆိုင်နေရပြီး ရိုဟင်ဂျာ အမျိုးသားများနှင့် လူငယ်များ မှာ အတင်းအကျပ် စစ်သားစုဆောင်းခြင်းခံနေရပြီး အသိုက်အဝန်းတစ်ခုလုံးမှာ လူသား ချင်း စာနာထောက်ထားမှု အကျပ်အတည်းသို့ ကျရောက်နေကြောင်း၊ IIMM အနေဖြင့် ၎င်းတို့ စုဆောင်းရရှိထားသည့် မြောက်များစွာသော အချက်အလက် များနှင့် သက်သေများအပေါ် အခြေခံကာ စစ်ကောင်စီမှ ကျူးလွန်ထားသည့် ရာဇဝတ်မှု များမှာ စစ်ရာဇဝတ်နှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည်ဟု မှတ်ချက်ပြုထားကြောင်း၊ မိမိတို့အနေဖြင့် ယင်းအဆိုကို အပြည့်အဝ ထောက်ခံကြောင်း သံအမတ်ကြီးက ဆက်လက်ပြောကြားသည်။
ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံ ၏ အလုံးစုံသော အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းပေး ရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ မိမိအနေဖြင့် ၎င်း၏ တောင်းဆိုချက်ကို ထပ်တူ ထပ်မျှ တောင်းဆိုလိုကြောင်း၊ မိမိ ယနေ့ ပြောကြားသည့် မိန့်ခွန်းဖြင့် စစ်ကောင်စီက ကျူးလွန်လျက်ရှိသော ရက်စက် ကြမ်းကြုတ်မှုများနှင့် ဒေသတွင်း ရိုက်ခတ်မှုတို့ကို မပေါ့လျော့စေလိုကြောင်း၊ သို့သော် မြေပြင်အခြေအနေမှာ စကားလုံးများဖြင့် ဖော်ကျူး၍ မရသည်အထိ အလွန်အမင်း ကြေကွဲဖွယ်ကောင်းသည်ကို အလေးအနက်ထား ပြောကြားလိုကြောင်း၊ စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသော ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှတဆင့် ဖော်ထုတ်ပြသထားသည့် ပြည်သူ့ဆန္ဒကို လစ်လျူရှုကာ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်း ခဲ့ပြီး၊ နိုင်ငံရေးခေါင်းဆောင်များကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံရေးပါတီအများစု ကိုလည်း ဖျက်သိမ်းထား သည်ကို အားလုံးအနေဖြင့် မမေ့လျော့သင့်ကြောင်း ၎င်းက ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးမဟာမင်းကြီ မှ မြန်မာနိုင်ငံ၏ အလုံးစုံသော အခြေအနေ ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းရေး တောင်းဆိုချက်အား အလေးထား စဉ်းစားသင့်ပြီး ရောမစာချုပ်၏ စာပိုဒ် (၁၄) အောက်မှ အပြည်ပြည် ဆိုင်ရာ ရာဇဝတ်ခုံရုံး ထံသို့ မြန်မာအရေးကို လွှဲပြောင်း ခြင်းဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း၊ သို့မဟုတ်ပါက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အသုံးချရေးကို ဦးတည်နိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ စစ်အုပ်စုမှ အကျိုးခံစား နေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ချွင်းချက်မရှိ အပြီးတိုင် ချုပ်ငြိမ်းရမည်ဖြစ် ကြောင်း၊ လုံခြုံရေးကောင်စီမှ မြန်မာအရေးကိစ္စအပေါ် အချိန်မှီ ထိရောက်သော ဆုံးဖြတ် ချက် ချနိုင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့်လည်း အသုံးချနိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုသင့်ကြောင်း သံအမတ်ကြီးက အကြံပြုသည်။