29 C
Yangon

သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့်ဓနုဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်မှုထမ်းရန် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်နေပြီး မလာရောက်လျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု တရားဝင် အသိပေးကြေညာ

Must read

သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့်ဓနုဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်မှုထမ်းရန် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က ဆင့်ခေါ်နေပြီး မလာရောက်လျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု တရားဝင် အသိပေးကြေညာ

ရန်ကုန်၊နိုဝင်ဘာ ၂

ရန်ကုန်တိုင်း၊ သန်လျင်၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနှင့် ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်မှုထမ်းရန် လူငယ်များ ကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆင့်ခေါ်နေပြီး မလာရောက်လျှင် ပေါ်တာဆွဲ ဖမ်းဆီးမည်ဟု တရားဝင် အသိပေး ကြေညာလာကြောင်း သိရှိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့ ပဲခူးစုရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး သက်၀င်းထိုက်က စစ်မှုထမ်းရန်အတွက် အသက် ၁၈နှစ် မှ အသက် ၃၅ နှစ်အတွင်းယောကျ်ားလေးများကို အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ရန် ၊ လူငယ်များအနဖြင့် စစ်မှုမထမ်းချင်လျှင် ငွေကြေး ပေးရမည်ဖြစ်ပြီး မပေးသူများကို စစ်မှုထမ်းပဒေဥပဒေ ပေါ်တာဆွဲဖမ်းဆီးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အသက် ၁၈ နှစ် ၃၅ နှစ်ကြား ယောက်ျား လေး ဦးရေ က ရပ်ကွက်ထဲမှာ ၈၀၀ ကျော်ရှိတယ်။ တကယ်လို့ လူငယ်တွေ စစ်ထဲ မဝင်ချင်ရင် လူ၀ယ်ထည့်ရမယ်ပေါ့။ လူငယ် ၈၀၀ ကျော်လုံး ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ စစ်မှုမထမ်းချင်ရင် လူငယ်ရှိတဲ့ အိမ်ထောင်စု တစ်စုကို ၅၀၀၀၀ ကျပ်ကို ပေးရမယ်။ အရင်စက်တင်ဘာလကလည်း လူငယ်တွေနဲ့ အမျိုးသားရှိတဲ့ အိမ်ထောင်စုတိုင်းကို ၃၀၀၀၀ ကောက်သွားတယ်။ အုပ်ချုပ်ရေးမှူး သက်ဝင်းထိုက်က အုပ်ချုပ်ရေးမှူး မလုပ်ခင်က အိမ်ငှားဘ၀ကနေ အခု အိမ် ၊ ခြံ၊ ကားပိုင်ဖြစ်သွားပါပြီ။ ထောက်ခံစာတစ်ခု ၁၀၀၀၀ ကျပ်၊ ဧည့်စာရင်းတိုင်ရင် တစ်ဦးကို ငွေ ကျပ် ၃၀၀၀ ကောက်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်း ရန်ကုန်တိုင်း ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၊ ၆၀ ရပ်ကွက်တွင် စစ်မှုထမ်းကြရန်အတွက် လူငယ်များကို ဆင့်ခေါ်လိုက်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ လူငယ်များကို မဲနှိုက်ခိုင်းမည်ဖြစ်ကြောင်း။ မဲပေါက်သူများ တပ်သားသစ်အဖြစ် အမှုထမ်းရမည်ဟု ၆၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး သောင်းထွန်းက တရားဝင် ကြေညာလာကြောင်း သိရှိရသည်။

” ၆၀ ရပ်ကွက်၊ မေတ္တာ ၂ လမ်း။ အပိုင် ၃ တစ်ပိုင်းလုံးမှာ လူငယ် ၁၅၀ ကျော် စာရင်းတောင်းနေပါတယ်။ မဲနှိုက်ခိုင်းပြီး စစ်ထဲထည့်မယ်ပြောတယ်” ဟု ဒေသပြည်သူတစ်ဦးကဆိုသည်။

ထို့ပြင် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အကြား လူငယ်များကို စစ်မှုထမ်းအပတ်စဉ် ၇ အတွက် စစ်တပ်နှင့်ရဲများက ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရှိရသည်။

” လူပေးဖို့ ရပ်ကွက်တွေက လိုအပ်သလောက် မပေးနိုင်လို့ စစ်တပ်နဲ့ရဲက ညပိုင်း ပေါ်တာဆွဲ ဖမ်းဆီးပါတယ်။ စစ်မှူထမ်းကိစ္စတွေကို ခေါ်လို့မရလို့ညဘက်တွေထွက်တဲ့လူမှန်သမျှဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ရပ်ကျေးတွေ‌‌စစ်တပ် ရဲ‌တွေညတိုင်း ကင်းလှည့် တွေ့တာခေါ်ယူစစ်ဆေးဖမ်းဆီးပြီး စစ်ထဲထည့်နေတယ်။ တော်တော်များများလူငယ်တွေပျောက်ဆုံးနေပါတယ်။ လုပ်ငန်းရှင်စီးပွားရေးသမားတွေရဲ့သားတွေသမီးတွေ မပါအောင် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆန်းမြင့်က တာဝန်ခံပြီးတော့ လုပ်ပေးတယ်။ အုပ်ကြီးဆန်းမြင့်ကို ပိုက်ဆံပေးရတယ်” ဟု ရပ်ကွက်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့အတူ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်တွင်လည်း မြို့နယ် အုပ်ချုပ်ရေး ကော်မတီ က အသက် ၃၅ အောက် လူငယ်များ စာရင်း အကုန် ပေးကြရန်၊ ပတ်စ်ပို့ဓာတ်ပုံ ၂ ပုံ၊ ကိုယ်ရေးအကျဉ်းများကို ဖြည့်သွင်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံသို့ တင်ပြကြရန် ကျေးရွာတိုင်းနှင့် ရပ်ကွက်တိုင်းတွင် ဖိအားပေးနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article