21 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်စက်ရုံ အပါအဝင် ရေအားလျှပ်စစ်စက်ရုံ ၉ ခု စလုံး အပြည့်အဝ မလည်ပတ်နိုင်တဲ့အတွက် ဓာတ်အားရရှိမှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးတွေ ဒီ့ထက် အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မှာဖြစ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးတွေကနေ ပြည်ပရောက် မြန်မာ အလုပ်သမားတွေဆီက လုပ်ခလစာ နိုင်ငံခြားငွေတွေ ပြည်တွင်းကို ပြည်လွှဲအောင် စည်းရုံးကြဖို့ကိုပါ အမိန့်ပေးညွန်ကြားထားပြန်ပြီး ၊ ပြည်ပရောက်မြန်မာတွေက စစ်ကောင်စီဘဏ်တွေကနေတဆင့် ငွေပြန်လွှဲတာမရှိတဲ့အပြင် ၊ သူတို့မက်လုံးပေးထားတဲ့ ကားတင်သွင်းခွင့်လျှောက်တဲ့သူလည်း လုံးဝမရှိဘူးလို့ စီးပွားကူးသန်းဝန်ကြီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း အထက်မင်းလှမြို့နယ်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကိုသွားမယ့် လမ်းပိုင်းအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦးက သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article