27 C
Yangon

ရေတာရှည်တွင်​ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ရေတာရှည်တွင်​ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ​ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တောင်းမြစ်အရှေ့ခြမ်း ရေတာရှည်မြို့နယ်ရှိ ကျွန်းကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦး​သေဆုံးပြီး ပြည်သူ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကျွန်းကုန်းကျေးရွာက ဒေသပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိတယ်။​ စစ်ခွေးတွေက ကျနော်တို့တွေရှိမယ် အထင်နဲ့ လာချနေတာပဲ သူတို့ချသမျှက ပြည်သူတွေရဲ့ အိမ်တွေ ပြည်သူတွေပဲ ထိနေတာ” ဟု ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာတွေကို ပစ်မှတ်ထားပြီး နေ့စဥ် ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အိမ်တိုင်း ဗုံးခိုကျင်းများတူးထားကာ အချိန်တိုင်း သတိရှိစွာနေထိုင်ကြရန် မေတ္တာရပ်ခံအပ်ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article