29 C
Yangon

စလင်းမြို့နယ်၊ မြို့မဦးစီးမှူးရုံးအနီးရှိ ဦးစီးမှူးနေအိမ်တွင် စုဝေးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စလင်းမြို့နယ်ရဲမှူး အပါအဝင် ၄ ဦး သေဆုံး

Must read

စလင်းမြို့နယ်၊ မြို့မဦးစီးမှူးရုံးအနီးရှိ ဦးစီးမှူးနေအိမ်တွင် စုဝေးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စလင်းမြို့နယ်ရဲမှူး အပါအဝင် ၄ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြို့မဦးစီးမှူးရုံးအနီးရှိ ဦးစီးမှူးနေအိမ်တွင် စုဝေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စလင်းမြို့နယ်ရဲမှူးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ဦးစီးမှူးနေအိမ်တွင် စုဝေးနေသော စစ်ကောင်စီ တပ်သားများကို နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အကြီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအပြီး ၁ နာရီခန့်အကြာတွင် လူနာတင်ကား ၁ စီး ဗုံးသီးကျရာ နေရာကို ရောက်ရှိလာပြီး စလင်းမြို့မှ တောင်ဘက်သို့ အပြင်းမောင်းနှင်သွားကြောင်း၊ ဗုံးသီး ၂ လုံးသည် ဦးစီးမှုးနေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး စလင်းမြို့နယ်ရဲမှူး အပါအဝင်၄ဦးသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက် ဒဏ်ရာရရှိသော စစ်ကောင်စီ တပ်သား ၃ ဦးထဲမှ ၁ ဦးကို မကွေးဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီး ကျန် ၂ ဦးသည် စလင်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း နှင့် စလင်းမြို့နယ် ပကဖ စသော မဟာမိတ်တပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article