26 C
Yangon

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဝါရှင်တန်ဒီစီတွင်တွေ့ဆုံ၊ မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်က ပိုမိုတွန်းအားပေးမည်

Must read

ရန်ကုန်၊ မေ ၁၃

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး အမေရိကန် ဝါရှင်တန်ဒီစီတွင် မေလ ၁၂ ရက်နေ့တွင် တွေ့ဆုံကြပြီး မြန်မာ့ဒီမိုကရေစီအရေး အမေရိကန်က ပိုမိုတွန်းအားပေးမည်ဖြစ်ကြောင်း အမေရိကန်ဘက်က ထုတ်ဖော်ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရNUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အတူ NUG အစိုးရ တာဝန်ရှိသူတချို့ပါ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မကြာမီ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်NUG တာဝန်ရှိသူများလည်း တွေ့ဆုံကြမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ထောက်ခံသည့်အနေဖြင့် တွေ့ဆုံခြင်းဖြစ်ပြီး စစ်တပ်ကို ပိုမို ပိတ်ဆို့ရန်၊ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်အတူ မြန်မာ့အရေး ငြိမ်း ချမ်းစွာ အတူလက်တွဲ ဖြေရှင်းရေး ကြိုးစားမည်ဟု ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article