ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း က“Airbus: End investment in AVIC” ခေါင်းစဉ်နှင့် လူထု သပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊နိုဝင်ဘာ ၅
ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်းက ပြည်သူများအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြအထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်များမှ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေး လူထုလှုပ်ရှားမှုကို နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများ အဆုံးသတ်ရန် ရည်ရွယ်၍ “Airbus: End investment in AVIC” ခေါင်းစဥ်နှင့် လှုပ်ရှားခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။