22 C
Yangon

ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ၊ ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်

Must read

ရွှေဘိုတွင် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ၊ ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချီပါရွာ၌ တပ်စွဲပြီး ၉ ရက်ကြာ စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေပြီး ရွှေဘို-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထား၍ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ရွှေဘိုမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ချီပါရွာကို ဝင်ရောက် စီးနင်း တပ်စွဲခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ထိ ပြန်လည် ထွက်ခွာခြင်းမရှိသေးဘဲ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို မွှေနှောက်ဖျက်ဆီးနေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်း-မုံရွာ လမ်းပိုင်းကို ပိတ်ဆို့ထားသောကြောင့် ရွှေဘိုမြို့မှ ကုန်ပစ္စည်းများကို အရာတော်မြို့နယ်ဘက်မှ လှည့်ပတ်သယ်ယူနေရပြီး ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်နေကြောင်း၊ ဓာတ်ဆီ ၁ လီတာကို ငွေကျပ် ၅၅၀၀ ရှိပြီး စာဆီ ၁ ပိဿာကို ငွေကျပ် ၁၈၀၀၀ ကျပ် အထိ ပေးဆောင်နေရကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က လယ်ယာလာရောက်လုပ်ကိုင်သည့် တောင်သူများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မြေဆီကျဲခြင်း၊ ပေါင်နုတ်ခြင်းနှင့် ဆေးဖြန်းခြင်းများလည်း မပြုလုပ်နိုင်ကြောင်းသိရသည်။

လက်ရှိချိန်တွင် ချီပါ (တောင်ရွာမြောက်ရွာ) အပါဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးနေရသောကြောင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“ရွှေဘိုမှာ စစ်တပ်က ၉ ရက်ကြာ စစ်ကြောင်းထိုးနေလို့ ချီပါရွာနဲ့ အနီးနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေ စစ်ရှောင်နေကြရတယ်။ ရွှေဘို-ဆိပ်ခွန်-မူးကမ်း-မုံရွာ လမ်းပိုင်းကိုလည်း စစ်တပ်က ပိတ်ဆို့ထားလို့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်။ စစ်ကြောင်းက အခုထိ ချီပါရွာထဲမှာပဲ တပ်စွဲထားတုန်း မထွက်သေးဘူး။ ပြည်သူတွေလည်း စစ်ရှောင်ရတာ ၉ ရက်ရှိပြီဆိုတော့ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article