22 C
Yangon

ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် စစ်ကြောင်းကို ထွက်ကြိုသော ပျူစောထီးများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ရွှေဘိုတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် စစ်ကြောင်းကို ထွက်ကြိုသော ပျူစောထီးများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် စစ်ကြောင်းကို ထွက်ကြိုသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၁ ရက်နေ့တွင် ရွှေဘိုမြို့​ လေးကျင့်ရေး ၈ မှ ထွက်လာသော စစ်သားများနှင့် ရွှေဘို အနောက်ခြမ်းတွင်ရှိသော ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ဖြင့် ခန့်အိုးဘိုကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ချီပါကျေးရွာကို ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူများနေအိမ်များကို ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ချီပါရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၁ ဦး သေဆုံးကာ စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်ခြင်းကြောင့် ချီပါကျေးရွာမှနေ၍ ရှေ့ဆက်မတိုးနိုင်တော့ဘဲရွာထဲ၌သာ တပ်စွဲခဲ့ရကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ပလိုင်းရွာမှ ပျူစောထီးများက အဆိုပါ စစ်ကြောင်းကို ကြိုဆိုရန် ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်းတွင် ဒဏ်ရာရရှိထားသော စစ်သားနှင့် ပျူစောထီးများကို ရွှေဘိုမြို့တွင်းကို သယ်ဆောင်သွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ချီပါကျေးရွာ၌ ၁၀ ရက်ကြာ အထိုင်ချ တပ်စွဲခဲ့သော စစ်ကောင်စီ တပ်သားများသည် ရွှေဘိုမြို့တွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်လင်းရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒပယ) ၊ Shwebo Crocodie ၊ ဝက်လက်မြို့နယ် ပကဖ ဒရုန်းဖွဲ့ ၊ M .SAI . N ပျောက်ကျား ဒရုန်းတပ်ဖွဲ့ ၊ HG FIGHTER ၊ စွန်ရဲရွှေဘို ၊ ဇေယျာသွေး ၊ YAUNG NI ၊ တောင်သူလွတ်မြောက်ရေးအင်းအားစု(FIF)၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးဖွဲ့ ၊ဒေါင်းစစ်သည်အဖွဲ့ တပ်ပေါင်းစု ညီအကိုများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article