26 C
Yangon

မြောင်မြို့နယ်၊ မကျည်းဘုတ် နှင့် တွင်းကြီးကျေးရွာအကြားသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေးရွာနှင့် တွင်းကြီးကျေးရွာအကြားရှိ ပြည်သူပိုင် ကြက်ခြံကို အကြမ်းဖက်စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကြက်ခြံမီးလောင်ကာ ကြက်များစွာသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်အချိန် မြောင်မြို့နယ်၊ မကျည်းဘုတ်ကျေး နှင့်တွင်းကြီးကျေးရွာကြားရှိ ပြည်သူပိုင်ကြက်ခြံတစ်ခြံကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံး ၂ လုံးကျဲချပြီး ရော့ကတ်လက်နက်ဖြင့် ၃ ကြိမ်လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ ၁၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး ကြက်ခြံမီးလောင်သွားသဖြင့် ကြက်များစွာသေဆုံးခဲ့ကြောင်း သိရသည်။

“ပထမတစ်ခေါက်က ဗုံး ၂ လုံးချတာ၊ ပြီးတော့ ရော့ကတ်နဲ့ ၃ ခေါက်ပစ်တယ်၊ ဒုတိယ တစ်ခေါက်ကလည်း ဗုံးပဲ ထပ်ချတယ်။ ကြက်ခြံမီးလောင် သွားတာ၊ ကြက်တွေအများကြီးသေတယ်။ ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရတယ်၊ သေတဲ့သူတော့မရှိဘူး။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသော ပြည်သူ ၁၁ ဦးတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း သိရှိရသည်။

“ရွာပေါ်ကို ၂ ပတ်ဝဲပြီး ရွာကို မပစ်ဘဲ ရွာရဲ့ တောင်ဘက်မှာရှိတဲ့ ကြက်ခြံကို ပစ်သွားတာ။ ပစ်တာက ၃ပတ်ဝဲပြီး ပစ်တာ။ ကနဦးက Rocketနဲ့ ၂ လုံးတွဲ ၂ ကြိမ်ပစ်တယ်။နောက် ၃ ကြိမ်မြောက်မှာ ပေါင်၂၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂ လုံးကျဲချသွားတာ။ မြေပဲ ဆွတ်နေရာကနေ ပြေးပုန်းကြတဲ့ အမျိုးသမီး ၉ ဦး ကျည်စ ထိမှန်သလို ကြက်ခြံပိုင်ရှင်ရဲ့ အသက် ၃ နှစ်သား ကလေးနဲ့ တခြား အမျိုးသား ၁ ဦးကျည်စထိမှန်ဒဏ်ရာရတယ်။ စုစုပေါင်း ဒဏ်ရာရတဲ့ ၁၁ ဦးထဲက အမျိုးသမီး ၁ဦး က ဦးခေါင်းကို ကျည်စထိမှန်တာဆို တော့ ဒဏ်ရာပြင်းထန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article