30 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

Must read

ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်း ထိုးနေသည့် စစ်တပ်က ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်စ၍ ဧရာဝတီမြစ်ကမ်းဘေး ပခုက္ကူမြို့နယ်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းဆက်ထိုးနေပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပေါ်လာသော မီးခိုးများကို ပုဂံဘက်မှ လှမ်းမြင်နေရပြီး ကျေးရွာ ၃ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေကို စစ်တပ်က တောက်လျှောက် စစ်ကြောင်းထိုးပြီး မီးရှို့နေတာ မွန်းလွဲ ၂ နာရီလောက်တည်းက မီးခိုးတွေကို ပုဂံဘက်ကနေ လှမ်းမြင်နေရတယ်။ ကျေးရွာ ၃ ရွာလောက် မီးလောင်နေတယ်။ ဘယ်ရွာတွေလည်းဆိုတာတော့ အတိအကျမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပခုက္ကူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ပခုက္ကူမြို့ နှောကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ အမျိုးသမီး ၃ ဦးကို သတ်ဖြတ်၍ ရုပ်အလောင်း များကို မီးရှို့ ဖျောက်ဖျက်ခဲ့ပြီး နေအိမ် ၁၈၇ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ပခုက္ကူ ပကဖ ထံမှ သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article