29 C
Yangon

ရေဦးမြို့ရှိ စစ်တပ်၏ ရဟတ်ယာဉ် ဆင်းသတ်သော နေရာနှင့် ပခုက္ကူရှိ စစ်စခန်း တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရေဦးမြို့ရှိ စစ်တပ်၏ ရဟတ်ယာဉ် ဆင်းသတ်သော နေရာနှင့် ပခုက္ကူရှိ စစ်စခန်း တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ် ဆင်းသတ်သော နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ရေဦးမြို့ရှိ တိုင်းရင်းဆေးရုံဝင်းအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ် ဆင်းသတ်သော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ Mi-17 ရဟတ်ယာဉ် ဆင်းသတ်သော နေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး လေယာဉ်ဆင်းသတ်သော နေရာ အနည်းငယ် ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ၈၁ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အနောက်ဘုန်းကန်ရွာကို တော်လှန်ရေး တပ်ဖွဲ့များက နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku အဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်းတွင် ပျူစောထီး ခေါင်ဆောင် မင်းဇော်ဦးနှင့် စစ်တပ် အရာရှိ နေထိုင်သော အဆောင်အဦးရှေ့ကို ဗုံးသီး ၁ လုံး၊ ပျူစောထီးများ နေထိုင်သော နေရာကို ဗုံးသီး ၁ လုံးနှင့် ပျူစောထီး ကျေးရွာအနှံ့ကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို COBRA ONE Pakokku ၊ BA-NYEIN Guerrilla Force နှင့် Thu Yin tr အဖွဲ့က တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article