ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ ညနေပိုင်း တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာက ရွာကုန်းကြီးရွာကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ နေအိမ် ၁ လုံး မီးလောက်ပျက်စီးသွားတဲ့ Y-8 က ကင်းထောက်လုပ်ပေးပြီးတော့ ဂျက်ဖိုက်တာက ကျဲချသွားတာ အခုထိ Y-8 က ပျံဝဲနေတုန်းပဲ ပြည်သူတွေတော့ ရွာလုံးကျွတ် ပြေးနေရပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။