27 C
Yangon

Breaking News- ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများကို ရဟတ် ယာဉ် ၃ စင်း၊ လေယာဉ် ၂ စင်း၊ ဒရုန်းများဖြင့် စစ်တပ်က ပစ်ခတ်ဗုံးကျဲနေ

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း နွားတောင်ခြေရင်း ပတ်ဝန်းကျင်နှင့် အနီးအနားရှိ စစ်ဘေးရှောင်စခန်းများကို အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စင်း၊ ဗုံးကျဲလေယာဉ် ၂ စင်း၊ ဒရုန်းများဖြင့်ပါ ပစ်ခတ်တိုက်ခိုက် ဗုံးကျဲနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှစတင်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ” ရဟတ်ယာဉ် ၃ စင်း၊ ရဟတ်ယာဉ်ပေါ်မှာ စက်သေနတ်တွေလည်းပါတယ်။ လေယာဉ် ၂ စင်း၊ လေယာဉ်တွေက ဗုံးကျဲချတာ။ ဟိုတလောက စစ်တပ်က ဝင်စီးတဲ့ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ တင်သား၊ ရှားဖို ဒိုးနွယ် ကျေးရွာတွေက စစ်ဘေးရှောင်တွေက နွားတောင်ခြေနဲ့ အဲဒီနားတစ်၀ိုက်မှာ ပုန်းနေတဲ့နေရာတွေ။ စစ်ဘေးရှောင်နေရာတွ။ Drone နဲ့ ဗုံးကျဲတယ်။ ရဟတ်ယာဉ်ပေါ်ကနေ စက် လက်နက်နဲ့ တရစပ်ပစ်ခတ်နေတယ်။ ဒရုန်းနဲ့ အီနီဂါဗုံးတွေလည်း တောက် လျှောက် ကျဲနေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များက နယ်မြေစိုးမိုးနိုင်ခြင်းမရှိသဖြင့် လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်ပြီး တိုက်ခိုက်ရာတွင် စစ်ဘေးရှောင် နှင့် PDF ခွဲခြားခြင်းမပြုတော့ဘဲ ရမ်းသမ်းပစ်ခတ်နေသည့်သဘောဖြစ် ကြောင်း ဒေသခံတချို့က ပြောဆိုကြသည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၏ ပစ်ခတ်မှု။ (ပုံအဟောင်းဖြစ်သည်)
Photo- Agencies ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article