31 C
Yangon

ရေစကြိုမြို့စုပေါင်းရုံးမှ လက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသော စစ်သား ၂ ဦးကို ရေစကြို ပကဖက လိုက်လံရှာဖွေပြီး ဆုငွေချီးမြှင့်ကာ ကောင်းမွန်စွာစောင့်ရှောက်ပေးထား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့ စုပေါင်းရုံးမှ စစ်သား ၂ ဦးလက်နက်ခဲယမ်းများနှင့်အတူ ထွက်ပြေးကြ သဖြင့် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လိုက်လံရှာဖွေပြီး ဆုငွေ ၁၅ သိန်းကျပ်စီ ချီမြှင့် ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ရေစကြိုမြို့ စုပေါင်းရုံးအတွင်း သန်းခေါင်စာရင်းကောက် ယူရာတွင် လုံခြုံရေး ယူပေးနေသည့် ခလရ ၂၅၇ တပ်ရင်းမှ တပ်သား ကိုဦးနှင့် ခလရ ၂၅၈ တပ်ရင်း မှ တပ်သား စိုးလင်းအောင်တို့သည် ၎င်းတို့ကိုင်ဆောင်သော လက်နက်ခဲယမ်းများနှင့်အတူ ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားကြောင်း သတင်းအရ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ရဲဘော် များက လိုက်လံရှာဖွေခဲ့ရာ နိုဝင်ဘာလ ၁၇ ရက် နေ့လည်ပိုင်းတွင် ရေစကြိုမြို့နယ် တစ်နေရာ၌ ရှာ ဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ယူဆောင်လာသည့် MA1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ဘောက် နှင့် ၅.၅၆ ကျည် ၄၅၀ တောင့်ခန့်အား ရေစကြိုမြို့နယ် (ပ.က.ဖ) ထံအပ်နှံပေးခဲ့ကြောင်း သိရသည်။

“လက်နက်တွေနဲ့ထွက်ပြေးကြတာ၊ ကျနော်တို့အဖွဲ့အစည်းနဲ့ တရားဝင်ချိတ်တာတော့ မဟုတ်ဘူး။ ပြီးတော့ ဘယ်အဖွဲ့အစည်းနဲ့မှလည်း ချိတ်ဆက်ထားတာမရှိဘူး။ သူတို့ကိုယ်သူတို့ အလွတ်ပြေးကြ တာ။ သတင်းရလို့ရှာတာ၊ သူတို့ကလည်း ကျနော်တို့ကို မယုံဘူး၊ ကိုယ်တွေဘက်ကလည်း လက်နက် တွေနဲ့ဆိုတော့ တစ်ယောက်နဲ့အရင်ဆုံးတွေ့ဆုံညှိနှိုင်းပြီးတော့ သူတို့စိတ်ချပြီမှ ကျနော်တို့နဲ့လိုက် လာတာ။ လက်ရှိတော့ သူတို့ဆန္ဒအတိုင်း လုပ်ပေးပြီးကောင်းကောင်းမွန်မွန်ထားပါတယ်” ဟု ရေကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ထွက်ပြေးလာပြီး လက်နက်ခဲယမ်းများအပ်နှံပေးခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြို ပကဖ မှ တစ်ဦးလျှင်ငွေကျပ် ၁၅ သိန်း စီ ဆုချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံများအနေဖြင့် ပြည်သူ့ဘက်အား လုံခြုံ စိတ်ချ စွာ ဘက်ပြောင်းခိုလှုံကြဖို့ ထပ်မံတိုက်တွန်းထားပြီး ဆက်သွယ်လိုပါက လုံခြုံစိတ် ချစွာဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article