Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက စက်သုံးဆီခွဲတမ်း လုံး၀ ချမပေးတဲ့ ပြည်နယ်နဲ့ မြို့နယ်တွေ စာရင်းကို ထုတ်ပြန်လိုက်ပြီး ၊ အဲ့ဒီ့စာရင်းထဲမှာ ရှမ်းမြာက်ဒေသတစ်လုံးအပြင် ၊ ချင်းပြည်နယ်နဲ့ ကချင် ပြည်နယ်မှာလည်း မြစ်ကြီးနားကလွဲပြီး ကျန်တဲ့မြို့နယ်တွေအကုန်ပါပြီး ၊ တိုင်းရင်းသားတပ်တွေနဲ့ ထိစပ်နေတဲ့ စစ်ကိုင်း မကွေး နဲ့ မန္တလေးတိုင်းက မြို့နယ်တချို့ပါ ပါဝင်တယ်လို့ မြန်မာနိုင်ငံစက်သုံး ဆီလုပ်ငန်းရှင်များ အသင်းဆီကနေ သိရပါတယ်။
ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ အသံချဲ့စက်နဲ့ အော်နေတဲ့ လိပ်ဉကုန်း အုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ဇော် ဆိုသူကို တော်လှန်ရေးရဲဘော်တွေက အနီးကပ် ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီးကို သေသွားတယ်လို့ PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော် ဒူးယားက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ် နဲ့ အုတ်ဖိုမြို့နယ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် ပြည်သူ အယောက် ၃၀ ကျော် ဖမ်းဆီးခံရပြီး ၊ ထွက်ပြေး တိမ်းရှောင်သူ တွေကိုလည်း သေနတ်နဲ့ လိုက်လံပစ်ခတ်တဲ့အတွက် ပြည်သူ ၁ ဦး ဒဏ်ရာ ရခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။