33 C
Yangon

မင်းလှတွင် စစ်မှုထမ်း ထောက်ပံ့ကြေးမပေးသည့် နေအိမ်များကို မီးရှို့မည်ဟု လိုက်လံ ခြိမ်းခြောက်နေသည့် ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ခင်ထွန်းလွင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်း ထောက်ပံ့ကြေးမပေးသည့် နေအိမ်များကို မီးရှို့မည်ဟု လိုက်လံ ခြိမ်းခြောက်နေသည့် ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ခင်ထွန်းလွင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် မင်းလှမြို့ဘက်ကို ဆိုင်ကယ်စီးလာသည့် ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ခင်ထွန်းလွင် ကို ချောင်းနားရွာ တောင်ဘက်ထိပ်၌ တော်လှန်ရေး ရဲဘော်များက ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ခင်ထွန်းလွင်သည် လူငယ်များကို စစ်မှုထမ်းရန် ခြိမ်းခြောက် ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်းထောက်ပံ့ကြေးမပေးသည့် နေအိမ်များကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းနှင့် မီးရှို့မည်ဟု ခြိမ်းခြောက်ခြင်း၊ ပြည်သူများထံမှ မတရားသဖြင့် ငွေကြေး ကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက် သူမြို့ဘက်ကို သွားတယ်လို့ သတင်းရလို့ စောင့်ပြီးတော့ တိုက်ခိုက်ခဲ့တာ တစ်ချက်တည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူက စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး ၁ အိမ်ကို ၆ သောင်း တောင်းတာ ပြီးတော့ ထောက်ပံ့ကြေးမပေးတဲ့ နေအိမ်တွေကို မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲတာကြောင့် ကျွန်တော်တို့က သူ့ကို ဖုန်းဆက်ပြီး သတိပေးတယ်။ သတိပေးတာတောင် ဂရုမစိုက်တဲ့ အပြင် စစ်တပ်ကိုခေါ်ပြီး ဖမ်းခိုင်းတာတွေတောင်ရှိတယ်။ လူထုအပေါ် ဒုက္ခပေးနေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးတဲ့သူတွေ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ သူတွေ ဆက်တိုက် ရှင်းလင်းသွားမှာပါ။ အချိန် နေရာမရွေး ရှင်းလင်းသွားမှာပါ။ ပြည်သူလူထုကို ဒုက္ခပေးနေတာတွေ ရပ်ဖို့ သတိပေးချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ထံမှ ဖုန်း ၁ လုံး၊ ငွေသား ၄၀၀၀၀၀ ကျပ်၊ ဘေးလွယ်အိတ် ၁ လုံး နှင့် ဆိုင်ကယ် ၁ စီး တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article