တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်နှင့် စေတီတော်များ ပျက်စီး
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ်နှင့် စေတီတော်များ ပျက်စီးခဲ့ကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ က ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ ခန့်တွင် ဘန်လောရွာအနီး ကျောက်ပုံတောင်တွင် စခန်းချထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများက အရှေ့ဘန်လောကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူပိုင် နေအိမ်များနှင့် စေတီတော်များ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။
တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ကြရန် People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ က သတိပေး ပြောဆိုသည်။