25 C
Yangon

ပေါက်ခေါင်းမြို့နယ်ရှိ ချင်းလည်စစ်တပ်ဂိတ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ဘားတိုက်တစ်လုံး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ချင်းလည် စစ်တပ် ဂိတ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး စခန်းအတွင်းရှိ ဘားတိုက်တဲတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဇာနည်သွေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ပေါက်ခေါင်းမြို့နယ် ပကဖအဖွဲ့နှင့် ပြည်ခရိုင် တပ်ရင်း (၁) တပ်ရင်းရုံးအဖွဲ့တို့ ပူးပေါင်းကာ အဆိုပါ ချင်းလည်ဂိတ်စခန်းကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စခန်းအတွင်းရှိ ဘားတိုက်တဲ တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“အဲ့ဒီစစ်ခွေး ဂိတ်စခန်းကို ကင်းပုန်း ၄ နေရာကြားကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ခွေး ၂ ကောင်ထက်မနည်း သေဆုံးနိုင်ပြီး ဘားတိုက်တဲတစ်လုံးလည်း မီးလောင်ပျက်စီးသွားတယ်။ ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်ခရိုင်ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဇာနည်သွေးက ပြောဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းများ အသုံးပြုကာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article