29 C
Yangon

လားရှိုးနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသင့်ဟုဆို

Must read

လားရှိုးနှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက စစ်လေယာဉ်ဖြင့် ဗုံးများ ကျဲချ၊ မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသင့်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက စစ်လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့ကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီ ၄၃ မိနစ်မှ ည ၇ နာရီ ၅၀ မိနစ်အချိန်အထိ စစ်လေယာဉ်များက လားရှိုးမြို့နယ် ၊ နမ့်ပေါင်းကျေးရွာကို ဗုံးများကျဲချခဲ့ကြောင်း၊ လတ်တလော အထိအခိုက်အပျက်အစိး အခြေအနေ အသေးစိတ်မသိရသေးသော်လည်း လူထိခိုက်မှု နည်းပါးမည်ဟု မျှော်လင့်ရကြောင်း လားရှိုးအခြေစိုက် ပရဟိတအဖွဲ့က ပြောဆိုသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန် အထိ စစ်ကောင်စီ၏ တိုက်လေယာဉ်များက နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ ဗုံး ၇ လုံးထက်မနည်း ကျဲချသွားကြောင်း သိရှိရသည်။

“တောင်ခမ်း တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးတွေ ကျဲသွားတယ်လို့ သိရတယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတာ တောင်ခမ်းက။ စစ်တပ်ဘက်က အထိနာလည်း ဗုံးကျဲတယ်။ အထိမနာလည်း ဗုံးက ကျဲနေတာပဲ” ဟု နောင်ချိုမြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းနိုင်ကြောင်း ယနေ့ကျရောက်သည့် နိုဝင်ဘာလ ၂၅ ရက် အမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ထည့်သွင်းရေးသား ဖော်ပြထားသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးက အခြေခံအုတ်မြစ်ဖြစ်ကြောင်း မင်းအောင်လှိုင်က သဝဏ်လွှာမှာ ပြောဆိုထားသော်လည်း လက် တွေ့တွင် တစ်နိုင်ငံလုံး နေ့စဉ်စစ်ကြောင်းထိုးကာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ည ဗုံးကျဲမှုကြောင့် လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် တွေ့ရသည့် အပျက်အစီးတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article