Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်း ထုတ်မယ့် ကိစ္စမှာ တိုင်းပြည်အာဏာကို မတရား လုယူသူတွေအတွက် အချက်ပေးခေါင်းလောင်း သံဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
-ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမရှိ ခါချဉ်တောင်ပေါ် တက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း အလုံး ၄၀ လောက်နဲ့ ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အယောက် ၄၀ ခန့် သေဆုံးပြီး စစ်သားအလောင်းတွေကို ကား ၃ စီးနဲ့ သယ်ထုတ်သွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယား က ပြောပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာမှာ အကြမ်းဖက် စစ်တပ်က ၄ ရက်ကြာ တပ်စွဲပြီး အနီးအနားရွာတွေကို ဆက်တိုက် စီးနင်းနေတာကြောင့် ထောင်နှင့်ချီတဲ့ ပြည်သေတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။