ဒီကနေ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေကို မူးယစ်ဆေးဝါးကျွေးပြီး ရှေ့တန်းပို့ကာ နေအိမ်တွေ ကို မီးရှို့ခိုင်းနေတဲ့အပြင် အဲဒီတပ်သားသစ်တွေထဲမှာ ထွက်ပြေးလိုသူ များပြားနေတယ်လို့ လွိုင်ကော်မြို့ အနီးတိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေက ဝန်ခံပြောဆိုခဲ့တယ်လို့ သိရပါတယ်။
- နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ သန်လျင်ရေတပ်က CDM ရေတပ်သား ကိုပြည့်စုံဦးဟာ စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုခံရပြီးနောက် အင်းစိန်ထောင်အတွင်း ကွယ်လွန်သွားတယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- မကွေးတိုင်း၊ ထီးလင်းမြို့ကို အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီး ၄ ဦးနဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီး တိုက်ပွဲမှာ ၁ ဦး သေဆုံးသွားတာကြောင့် အစားထိုးခန့်အပ်ဖို့ လုပ်ဆောင်နေပြီး စစ်သားအင်အားကလည်း ၁၀၀ ခန့်သာ ကျန်ရှိတော့လို့ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar