26 C
Yangon

ဟားခါးနှင့်ထန်တလန်များတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၀ ဦးကျော်လာပြီး ခလရ ၂၂၆ ၊ ခလရ ၂၂၂ နှင့် ခလရ ၅၉ တပ်ရင်းမှူး ၃ ဦးလုံး ပစ် ခတ်ခံရမှုကြောင့် သေဆုံးခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၀ ဦးကျော်လာပြီး ခလရ ၂၂၆ ၊ ခလရ ၂၂၂ နှင့် ခလရ ၅၉ တပ် ရင်းမှူး ၃ ဦးလုံးတို့ကို တော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နှင့် Kiamtlang/ Ruavazung စခန်းများကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲများ တွင် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လက်နက်ငယ်များ အပါအဝင် သေနတ် ၅၇ လက်၊ ခဲယမ်းများ၊ ဒရုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ သေဆုံးသူ အရေအတွက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ရှိလာကြောင်း တော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဟားခါးဗျူဟာကုန်းမှ ခလရ ၂၆၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အေးသန့်၊ ခလရ ၂၂၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သော်ဇင်လတ်၊ ထန်တလန်မှ ခလရ ၅၉ မှ တပ်ရင်းမှူး တို့မှာ ချင်းတော်လှန်ရေးတပ်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှု အတည်ပြုနိုင်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ဆို သည်။

“ထန်တလန်မှာ ခလရ ၅၉ တပ်ရင်းမှူး သေဆုံးတာ အတည်ပြုနိုင်တယ်။နောက် တစ်ခုကတော့ ဟားခါး ဗျူဟာကုန်း ခလရ ၂၆၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အေးသန့် စနိုက်ပါ မိပြီး ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးတယ်။ နောက်တစ်ခါ ခလရ ၂၂၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သော်ဇင်လတ်ကလည်း နိုဝင်ဘာလ ၃၀ ရက်နေ့ စခန်းသိမ်းတိုက်ပွဲမှာ သေဆုံးတာအတည်ပြုနိုင်တယ်” ဟု ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း ၁၉ ဦးကိုလည်း ကောင်းမွန်စွာ ထိန်း သိမ်းထားပြီး စစ်ဆင်ရေးများကို ဆက်လက် တိုးမြှင့်နေ​ကြောင်း၊ ဟားခါးမြို့ နယ်တွင် စစ်ရေး အခြေအနေမှာ ဆက်လက်တင်းမာနေပြီး တိုက်ပွဲများ အပြင်း အထန် ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article