31 C
Yangon

မိုးဗြဲမြို့နယ်၊ ဆိုင်ခွန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီနှင့်ရှမ်းပြည်နယ်အစပ်၊ မိုးဗြဲမြို့နယ်၊ ဆိုင်ခွန်ကျေးရွာကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်မှ ယနေ့ နံနက် ၃ နာရီ ၄၁ မိနစ်အချိန်အထိ မိုး​​​ဗြဲမြို့နယ်၊ဖယ်ခုံအနောက်ခြမ်း၊ ဆိုင်ခွန်ကျေးရွာသို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များ၊ Y 12 လေယာဉ်များဖြင့် ဗုံးများ အဆက်မပြတ်ကျဲချခဲ့ကြောင်း၊ ဗုံး အလုံးရေ ၃၀ ကျော်ထက်မနည်း ကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်အစောကြီး တကယ့်ကို အိပ်ကောင်းနေတဲ့အချိန် ဗုံးတွေ ကျဲချသွားတာ။ စုစုပေါင်း ဗုံးကျဲချတာ ၉ ကြိမ်။ မနက် ၃ နာရီ ၃ မိနစ်ကနေ မနက် ၃ နာရီ ၄၁ မိနစ်အချိန်အထိ မိနစ်ပိုင်းခြားပြီး ဗုံးတွေကျဲချတာ။ အပျက်အစီး အထိအခိုက်တော့ရှိတယ်။ အတိအကျ မသိရသေးဘူး” ဟု စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ ဗုံးကျဲမှုကို ဒီးမော့ဆိုနှင့် မိုးဗြဲဘက်မှ ပြည်သူအများစု သိရှိလိုက်ရကြောင်း၊ ဗုံးကျဲမှု ၉ ကြိမ်အနေဖြင့် ယနေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင် ဗုံး ၁ လုံး၊ ယနေ့ နံနက် ၃ နာရီ ၇ မိနစ်အချိန် ဗုံး ၁ လုံး၊ ယနေ့ နံနက် ၃ နာရီ ၁၄ မိနစ်အချိန် ဗုံး ၅ လုံး၊ ယနေ့ နံနက် ၃ နာရီ ၁၉ မိနစ်အချိန် ဗုံး ၄ လုံး၊ ယနေ့ နံနက် ၃ နာရီ ၂၃ မိနစ်အချိန် ဗုံး ၄ လုံး၊ နံနက် ၃ နာရီ ၂၆ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၃၄ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၃၈ မိနစ်အချိန် ဗုံး ၅ လုံး၊ နံနက် ၃ နာရီ ၄၁ မိနစ်အချိန် ဗုံး ၄ လုံး ကျဲချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော မိုးဗြဲနှင့် ဖယ်ခုဘက်တွင် စစ်ကောင်စီက စစ်အင်အားများ တိုးချဲ့ချထားကာ ထိုးစစ်ဆင်လာနေကြောင်း၊ အဓိကအားဖြင့် တော်လှန်ရေး တပ်များ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာခြင်းဖြစ် ကြောင်း၊ ဒေသတော်လှန်ရေးတပ်များနှင့် နှစ်ဖက်စစ်ဆိုင်ထားပြီး စစ်ရေး အခြေအနေမှာလည်း တင်းမာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article