ယင်းမာပင်မြို့နယ်တွင် သပိတ်စစ်ကြောင်း ၂ ခုနှင့် ကြက်သွန်စိုက်တောင်သူများ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့သည် ကြက်သွန်စိုက်တောင်သူများနှင့် ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။