32 C
Yangon

ထီးလင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

Must read

ထီးလင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၇

မကွေးတိုင်း၊ ထီးလင်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ထီးလင်းမြို့၊ မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ၁ ဦးသည် ဂန့်ဂေါခရိုင် အမှတ် ၄ တပ်ရင်းထံကို လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားသည် MA-13 သေနတ် ၁ လက် ၊ ကျည် ၁၄၂ တောင့် တို့ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ CDM ဝင်ရောက်လာသော ရဲတပ်သားသည် စစ်အာဏာရှင်၏ လူမဆန်သော လုပ်ဆောင်မူများကို လက်မခံနိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခင်ကလည်း လက်နက်၊ ခဲယမ်းများနှင့် CDM ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးပြီး မအောင်မြင်ခဲ့‌ကြောင်း သိရှိရသည်။

ထီးလင်းမြို့အတွင်း ကျန်ရှိခဲ့သော ရဲ၊ စစ်သားနှင့် ပျူစောထီးများလည်း စိတ်ဓာတ် ပျက်ပြားနေကြပြီး အချင်းချင်း စည်းလုံးညီညွတ်မူမရှိတော့ကြောင်း၊ ကျန်ရှိခဲ့သော သူများကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် အချိန်မှီ ချိတ်ဆက်အလင်းဝင်ရောက်ကြရန်နှင့် ပြည်သူလူထုအ‌‌ပေါ် လူမဆန် ရက်စက်ယုတ်မာသော မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် တာဝန် မထမ်းဆောင်ကြရန် တိုက်တွန်းလိုကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ဝင်ရောက်ခိုလုံခဲ့သော CDM ရဲတပ်သားကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုဆုချီးမြှင့်ငွေပေးအပ်နိုင်ရန်လည်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထီးလင်းမြို့ပေါ်ရှိ စစ်တပ် ထိန်းချုပ်ထားသော နေရာများတွင် တိုက်ပွဲအရှိန်မြှင့်တင်မည်ဖြစ်၍ မြို့ပေါ်နေ ပြည်သူအားလုံး ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် ထီးလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article