ရန်ကုန်၊ မေ ၁၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှ မိုးကွဲကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“မနေ့ကလည်း မီးရှို့တယ်။ ဒီနေ့လည်း စစ်တပ်က မိုးကွဲကျေးရွာကို မီးတင်ရှို့နေတယ်။ မီးရှို့ပြီးတော့ တချို့ စစ်သား တွေကလည်း မိုးကွဲရွာ မြောက်ဘက်ကို ထွက်ပြီး ကံဦးကျေးရွာထဲ ဝင်နေတယ်။ ကံဦးကျေးရွာကို ဒုက္ခပေးဦးမယ်နဲ့တူတယ်။ ပြည်သူတွေကတော့ မရှိတော့ အကုန်စစ်ဘေးရှောင်နေကြပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။