25 C
Yangon

ခင်ဦး၊ မြိုင်နှင့် စလင်းတို့တွင် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၈ ဦးသေဆုံး၊ ဖယ်ခုံတွင် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၆

မကွေးတိုင်း မြိုင်မြို့နယ် လက်ယက်မစံပြကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်ကို ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁၅ ရက်ေ်န့ ညနေ ၄ နာရီခန့်တွင် ကြည့်ကန်ကျေးရွာမြောက်ဘက် တောတိုက်အရောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် နဂါးနီတပ်ဖွဲ့မှ ဦးဆောင်၍ ကျွန်တော်တို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Myaing Village Revolution Front (MVRF)၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ (PUGF)၊ ကိုခိုင်လေး လက်နက်ကြီးတပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ Earthquake People Defense Force ၊ PKU North PDF၊ YSO North PDF၊ YSO Southern PDFနှင့် မဟာမိတ် တပ်ပေါင်းစုများ စုပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကျေးလက် ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)မှ ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို မေလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄ဝ မိနစ်ခန့်တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(စလင်း)မှ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ညနေပိုင်းတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (စလင်း)က တိုက်မိုင်း ၂ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (စလင်း)မှ ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းဒေါင်းရွာမှ အနောက် ရေဦးမြို့သို့ ထွက်လာသည့် စစ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် အစီး ၂ဝ ခန့်ကို Khin U Support Organization-KSO တပ်ဖွဲ့က မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၂ဝ မိနစ်ခန့်တွင် အင်းပတ်ကွေ့ အရောက်တွင် ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သားများ စီးလာသော ဆိုင်ကယ် ၁ဝ စီး ထိမှန်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကာ ၁၂ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ယင်း တိုက်ခိုက်မှုကို KSO အဖွဲ့ ခရိုင်တပ်ရင်း – ၃ ရဲဘော်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် သိမ်တော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်အား KSOတပ်ဖွဲ့နှင့် ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ်မှုများခတ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း KSO အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအရှေ့ကမ်းသို့ညောင်ရွှေမြို့နယ် တောင်ပို့ကွဲ ၊ဆောင်နန်းခဲရွာဘက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များကို မေလ ၁၃ ရက်နေ့မှစတင်ပြီး ၁၀၀၈ တပ်ရင်း၊ ဖယ်ခုန် PDF တပ်ရင်း ၂ ၊ အင်းလေး PDF ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆေးရေးအဖွဲ့၊ တပ်ရင်း ၁၀၀၅၊ KNDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးတပ်များက တိုက်ခိုက်လျက်ရှိကြောင်း၊ မေလ ၁၄ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းကို ၁၀၀၈ တပ်ရင်း နှင့် အင်းလေး PDF ပူးပေါင်းပြီး မိုင်းဆွဲရာ စစ်သား ၄ ဦးသေဆုံးကြောင်း သိရှိရသည်။

မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် နှစ်ဖက်တပ်များအကြား စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀၀၈တပ်ရင်းမှ စခန်းမှူးကိုဆုံးရှုံးခဲ့ရကြောင်း၊ ဒဏ်ရာပြင်းထန်စွာ ၁ ယောက် အနည်းငယ်တစ်ယောက်နှင့်လက်နက်နှစ်လက်ဆုံးရှုံးခဲ့ရကြောင်း၊ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦးပါဝင်ကြောင်း စစ်ကောင်စီဖက်မှ သေဆုံးမှုများသဖြင့် လက်နက်ကြီးဆက်တိုက်ပစ်ကူခြင်း ၊ တိုက်ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကျဲခြင်း ၊ ရဟတ်ယာဉ်များဖြင့်လာရောက်ပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ-မြိုင်ဒေသမှ ဒေသကာကွယ်ရေးတပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article