35 C
Yangon

မြိုင်မြို့နယ် လက်ယက်မရွာတွင် စစ်တပ် သတ်ဖြတ်ထားသော ရုပ်အလောင်းများတွေ့ရှိပြီး ရွာလုံးကျွတ် စစ်တပ်က မီးရှို့ဖျက်ဆီးထားခဲ့

Must read

ရန်ကုန်၊ မေ ၁၆

မကေွးတိုင်း မြိုင်မြို့နယ် လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၄ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်း၌ စစ်တပ် သတ်ဖြတ်ခဲ့သော ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းမှ မေလ ၁၅ ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားပြီးနောက် ဒေသခံပြည်သူများက ကျေးရွာအတွင်းသို့ ရှင်းလင်း ဝင်ရောက်ပြုလုပ်စဉ်၌ စစ်တပ် သတ်ဖြတ်ပြီး မီးရှို့ထားခဲ့သည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မေလ ၁၆ ရက်နေ့တွင် စစ်တပ်က ကျေးရွာအတွင်းသို့ ပြန်လည် ဝင်လာကြောင်း သိရသည်။

” လက်ယက်မရွာထဲက စစ်ခွေးတွေပြန်ထွက်သွားတော့ ဒေသခံတွေက မေလ ၁၅ ရက်နေ့ ညနေပိုင်းလောက်မှာ နယ်မြေရှင်းလင်းရေး ဝင်လုပ်ရင်းနဲ့ မီးရှို့ထားတဲ့ ရုပ်အလောင်းတွေ တွေ့တာ ဘယ်နှလောင်း တွေ့တယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ကျေးရွာကလည်း ရွာလုံးကျွတ်ကို ရှို့ခံရတာ လက်ယက်မရွာဆိုတာ အိမ်ခြေ ၁၅ဝဝရှိတဲ့ ကျေးရွာကြီး တစ်ရွာ အကုန်လုံး နီးပါးကို မီးလောင် ဖျက်ဆီးခံရတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာအတွင်း၌ ပြည်သူပိုင် နေအိမ်များကိုလည်း ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ မည်မျှ ပြာကျသွားကို အတည်မပြုနိုင်သေးဘဲ မီးကူးစက် လောင်ကျွမ်းခြင်းမရှိသော နေအိမ် တချို့သာ ကျန်ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ပြန်စရာ နေအိမ်များ မရှိတော့သည့်အတွက် ကျေးရွာကိုစွန့်ခွာကာ ဘေးလွတ်ရာများ၌ တိမ်းရှောင်နေကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article