By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၆ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ့် ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)ကို အာရက္ခပြည်သူလူထုက ကန့်ကွက်ရှုတ်ချလိုက်တယ်လို့ ရခိုင်ပြည်မှာရှိတဲ့ လူငယ်အဖွဲ့အစည်းတွေက မေလ ၁၅ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
– မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသက မိုးကွဲကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ မီးရှို့ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ လက်ယက်မရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၄ ရက်နေ့မှာဝင် ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းက အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေတွေ့ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ နဲ့ ကျောက်မဲတောင်-ကျေးရွာက အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်မြေရဲစခန်းကို မေလ ၁၄ ရက် မနက်မှာ KNU တပ်မဟာ ၄ မှာရှိတဲ့ ဗိုလ်ကော်လဖိုး ဦးဆောင်တဲ့ KNDO အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အကြောင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။