27 C
Yangon

တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာအတွင်း တိုက်ပွဲ ၄၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆၁ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

Must read

တောင်ပိုင်းစစ်ဒေသတွင် တစ်ပတ်တာအတွင်း တိုက်ပွဲ ၄၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆၁ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ နယ်မြေတွင် တစ်ပတ်တာအတွင်း တိုက်ပွဲ ၄၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆၁ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တပတ်တာအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် ပူးပေါင်းအဖွဲ့က အကြမ်းဖက် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းများကို သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖာပွန်- ကမမောင်းလမ်းပိုင်းရှိ ဗျူဟာအရ အရေးပါသော လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသည့် စခန်းများဖြစ်သည့် တောင်သုံးလုံးနှင့် ဆင်စွယ်စခန်းတို့ကို ဒီဇင်ဘာလ ၃ ရက်နေ့နှင့် ဒီဇင်ဘာလ ၄ ရက်‌နေ့ တို့တွင် PDF၊ KNLA နှင့် မဟာမိတ်တပ်များက ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများ အတွင်း လက်နက်၊ ခဲယမ်း သိမ်းဆည်းရမိမှုများရှိပြီး ထွက်ပြေး လွတ်မြောက်သွားသူများလည်းရှိကာ လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ တစ်ပတ်တာ တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article