ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်ရုပ်ရှင်များပြသကာ သပိတ်တရားများဟောပြော
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ လူ့အခွင့်အရေးနေ့အကြိုအဖြစ် လူ့အခွင့်အရေး အသိပညာပေး ရုပ်သံများနှင့် အတူတကွ “ငါတို့မှာ ငါတို့ပဲရှိတယ်” စသည့် တော်လှန်ရုပ်ရှင်များကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြသခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ရုပ်ရှင်ပြပွဲတွင် လူငယ့်အားမာန်သပိတ်စစ်ကြောင်းက ရဲဘော်တစ်ဦးလည်း ပူးပေါင်းဝန်းရံကာ သပိတ်တရားများ ဟောပြောခဲ့ကြကြောင်း သိရှိရသည်။